ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာလည်း စမ်းချောင်း ကျွန်းတောလမ်းမပေါ် နဲ့ ဗဟိုလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်သူ ပြည်သူတွေများစွာ ရှိနေတာကို တွေ့ရပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေဟာ မနက်ပိုင်းလောက်ထဲက ဆန္ဒထုတ်ဖော်နေခဲ့တာဖြစ်ပြီး လူဦးရေ ရာဂဏန်းဝန်းကျင်လောက် ရှိပါတယ်။
နေ့လည်ပိုင်းလောက်မှာတော့ ဗဟိုလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေဟာ မျက်ရည်ယိုဗုံးတွေ ၊ အသံဗုံးတွေနဲ့ ဖြိုခွင်းခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဗဟိုလမ်းမပေါ်မှာ တပ်စွဲထားခဲ့ပြီးနောက် ကျွန်းတောလမ်းပေါ်ကိုပါ ရောက်ရှိလာခဲ့ပါတယ်။
ယခုမြင်တွေ့နေရတဲ့ ပုံတွေကတော့ ညနေ လေးနာရီကျော်ကျော်လောက်က ကျွန်းတောလမ်းပေါ်မှာ တွေ့ရတဲ့ မြင်ကွင်းပုံရိပ်တွေပဲ ဖြစ်ပါတယ်။
ဗဟိုလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်သူတွေ ကာရံထားတဲ့ တံတိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုချဖျက်ဆီးတာတွေ ရှိနေပေမယ့် ကျွန်းတောလမ်းမပေါ်က အကာအရံတံတိုင်း တော်တော်များများကတော့ ဒီကနေ့မှာ ဖျက်ဆီးခံရတာမျိုး မရှိသေးပါဘူး။