တရားမျှတဲ့ ဒီမီုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ဒဏ်ရာအနာတရ ရရှိခဲ့တဲ့သူတွေကို အမှန်တရားလိုလားကြတဲ့ စေတနာရှင်တွေက ဂုဏ်ပြုအလှူငွေထောက်ပံ့လှူဒါန်းပေးတာ ရှိပါတယ်။ ဒီလို ဂုဏ်ပြုလှူဒါန်းနေတဲ့အထဲမှာ မင်းသမီး ခင်ဝင့်ဝါတို့ အနုပညာရှင်တစ်စုလည်း အပါအဝင်ဖြစ်ပါတယ်။ ခင်ဝင့်ဝါတို့ အနုပညာရှင်တစ်စုဟာ ပြည်တွင်းပြည်ပက စေတနာရှင်များနဲ့ စုပေါင်းပြီး သူရဲကောင်းတွေကို လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။
ယနေ့မှာလည်း တကယ့်ကို မွန်မြတ်တဲ့အလှူလေးကို ထပ်မံပြုလုပ်ခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ ဒီမီုကရေစီအရေး လူထုလှုပ်ရှားမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မြင်ခြံမြို့က အာဇာနည်သူရဲကောင်း မောင်ဇင်ကိုကိုထက် နှင့် မြောက်ဒဂုံမြို့နယ်က အာဇာနည်သူရဲကောင်း မောင်ချစ်မင်းသူတို့ရဲ့ နောက်ဆုံးခရီးအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များထံသို့ အလှူငွေများ ဆက်သွယ်လှူဒါန်းပေးခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း ကျန်ရှိနေတဲ့ ရန်ကုန် နဲ့ နယ်အသီးသီးရှိ သူရဲကောင်းတွေကိုလည်း ဆက်သွယ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် သွားရေး၊ လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားပါသေးတယ်။ ခင်ဝင့်ဝါတို့ အနုပညာရှင်တစ်စုကတော့ လတ်တလော လူထုလှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ ကဲ..ယခုမှာလည်း အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုအလှူငွေ လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါတို့ အနုပညာရှင်တစ်စုနဲ့ စေတနာရှင်များကို ပရိသတ်တွေက ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Khin Wint Wah fb page