ယခုအချိန် ခွန်အားဖြစ်စေမယ့် ကမ်းလှမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းကို လက်မလွှတ်လိုက်ကြဖို့ ပြောလာခဲ့တဲ့ ပိုင်တံခွန်

//s9.kh1.co/52/52d5189d5b2393ff3aece94b8ae8d242d5ae27db.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပိုင်တံခွန်က လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူပြည်သားတွေနဲ့အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ပေးတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မဆုံးရှုံးအောင် တာဝန်သိပြည်သူတစ်ယောက်အနဲ့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပိုင်တံခွန် က လမ်းမပေါ်ကို ကိုယ်တိုင်ထွက်ပြီး ပြည်သူ့ပရိသတ်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် စားသောက်စရာလေးတွေလည်း လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page

အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ကိုယ်ရောစိတ်ပါနဲ့ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ဟာ ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်မှုတွေကြောင့် ထိန်းသိမ်းမခံရအောင် အဝေးမှာခေတ္တရှောင်ရှားနေခဲ့ရပါတယ်။ ယခုမှာတော့ ပိုင်တံခွန်က လတ်တလော အကူအညီပေးလာတဲ့ သူတွေကို လက်မလွှတ်ဖို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page
Photo Credit - Paing Takhon fb page

"အခုချိန်မှာ ကမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းက ကျွန်တော်တို့ရဲ့ ခွန်အားကိုဖြစ်စေတဲ့အတွက်Personal တွေ ဘေးဖယ်ပြီး စည်းစည်းလုံးလုံး နဲ့ နိုင်ငံ့အတွက် တကယ်အားဖြစ်စေနိုင်မယ့် လက်တွေကို ညဏ်နဲ့ ယှဉ်ပြီး တွဲထူပေးရမယ့်အချိန်ပါ...ကိုယ့်ဆီရောက်လာတဲ့ ခွန်အားကို ရန်သူ့ရဲ့ အင်အားအဖြစ် မစေလွှတ်လိုက်ပါနဲ့" ဆိုပြီး ရေးသားထားပါသေးတယ်။ ပိုင်တံခွန် က ယခုလို ပြည်သူတွေ ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို လူမှုကွန်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ရင်တွင်းဆန္ဒလေးကို ကူးယူဖော်ပြရင်း မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Paing Takhon fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T