ကမ္ဘာ့မြေပုံပေါ်က မှန်ဘီလူးနဲ့ကြည့်ရလောက်အောင် သေးငယ်တဲ့ မြို့‌များ

//s9.kh1.co/9d/9d44e2925b49ea270377e43294f683195d500910.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Vatican City

ဗာတီကန်စီးတီးဆိုတဲ့ နိုင်ငံလေးဟာ အီတလီနိုင်ငံ ၊ ရောမမြို့အတွင်းမှာတည်ရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၁၀၀ဧကလောက်ရှိပြီး လူဦးရေ၈၀၀ပဲရှိတဲ့ နိုင်ငံလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/71/71507ee71df2dc0bbd88613f60c3c593274605a4.jpg
https://s9.kh1.co/__image/w=650,h=175,q=100/56/56877aedd4baa8aaa3b919bec95f0871ff4a0f09.jpg

Monaco

အဆိုပါနိုင်ငံလေးဟာ ပြင်သစ်နိုင်ငံထဲမှာ ပါ၀င်တဲ့ မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ ဧရိယာ ၂ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၃၆၀၀၀ ၀န်းကျင်ခန့်နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/51/5113f726bcacf96edc5e7435e0637ef5ee92be4a.jpg
https://s9.kh1.co/__image/w=600,h=343,q=100/36/3649da6b9ab13e1bc978ee995707bedab9ef2e5c.jpg

Nauru

ဒီကျွန်းစုနိုင်ငံလေးကတော့ ဩစတေးရီးယား နိုင်ငံရဲ့အရှေ့ဘက် အခြမ်းမှာရှိပြီး ကမ္ဘာ့အသေးဆုံး ကျွန်းစုနိုင်ငံလေးလဲဖြစ်ပါတယ်။ ၂၁ စတုရန်းကီလိုမီတာရှိပြီး အလွန်သာယာလှပတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=527,q=100/c3/c3acb41b0d43f840c35cb959c311a81b0e0dc20e.jpg
https://s9.kh1.co/__image/w=600,h=461,q=100/0a/0af51c67a896d3b2c4335c825b4ca5f69029e344.jpg

Tokelau

နယူးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာ ပေါ်မှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ ၄.၆ စတုရန်းမိုင်ရှိပြီး လူသီးရေ ၁၃၀၀ ၀န်းကျင်လောက်သာရှိပါတယ်။

https://s9.kh1.co/__image/w=600,h=150,q=100/08/08cb3ae1bc2f3d232fccd634e7d2f9d3f87afbd4.jpg
https://s9.kh1.co/__image/w=600,h=335,q=100/4f/4f77920f3314eba6046c0931120a8cb1b0785e7b.jpg

Niue

ဒီကျွန်းစုနိုင်ငံလေးဟာလည်း နယူးဇီလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်ပီး တောင်ပစိဖိတ်သမုဒ္ဒရာမှာပဲ တည်ရှိတာပါ။ ၁၀၀ စတုရန်းမိုင်ရှိပြီး လူဦးရေ ၁၆၀၀ ၀န်းကျင်ခန့်နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/d5/d5f4f1152f121305a7da7592dc6f9f6ccae73fd4.jpg
https://s9.kh1.co/__image/w=600,h=400,q=100/9c/9ccd004711427d33cbb0d10b609b7b0309e0dbdb.jpg

Falkland Islands

ဖော့ကလန်ကျွန်းစုနိုင်ငံလေးဟာ တောင်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းမှာတည်ရှိပြီး အင်္ဂလန်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ ၄၇၀၀ စတုရန်း မိုင်ရှိပြီး လူဦးရေ ၂၉၀၀ကျော်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/8d/8d89c47dcff5f118466a93e7f7eb064e78ae0bb4.jpg
https://s9.kh1.co/__image/w=600,h=375,q=100/0c/0cc03c5bf4dbeedfa106ac932fe1803730af250c.jpg

Palau

ဒီနိုင်ငံလေးဟာ အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်မှာ တည်ရှိတာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံလေးဖြစ်ပါတယ်။ ၁၇၇ စတုရန်းမိုင်ရှိပြီး လူသီးရေ ၂၁၅၀၀ကျော် နေထိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=374,q=100/51/510dbd33eb33917e5044c009d346841d145835f3.jpg

San Marino

ဆန်မာရီနို နိုင်ငံလေးဟာ အီတလီနိုင်ငံအတွင်းမှာ တည်ရှိတာဖြစ်ပြီး သာယာအေးချမ်းတဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်။ ၂၄ စတုရန်းမိုင်ရှိပြီး လူဦးရေ ၃၃၂၀၀ ၀န်းကျင်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/ae/ae7dca7367b3d8d06bf2021b286ecde619ee7e9e.jpg
https://s9.kh1.co/__image/w=600,h=286,q=100/0d/0d585862f49c7a36b7b8fc18770f0f0ab9d05999.jpg

Faeroe Islands

ဖာရိုကျွန်းစု နိုင်ငံလေးဟာ နော်ဝေးနဲ့ အိုက်စလန် နှစ်နိုင်ငံကြားမှာတည်ရှိပြီး ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ ၅၃၈ စတုရန်းမိုင်ရှိကာ လူဦးရေ ၄၉၀၀၀ ကျော်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/be/beee57f5851487bb94dbc643e7b4703483984a30.jpg
https://s9.kh1.co/__image/w=600,h=400,q=100/57/5745d16f88fae2bf9faed8c7f7af3efe5171d15d.jpg

သတင်း အရင်းအမြစ်world smallest countries

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T