ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ သမိုင်းမှာ လူသားဆန်မှုဆိုတာကို လျစ်လျူရှုခဲ့တဲ့ ဘုရင်တပါးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီဘုရင်ကြီးကတော့ ဘယ်လ်ဂျီယမ်ဘုရင် Leopold II ပဲ ဖြစ်ပါတယ်။ သူဟာ ဘယ်လ်ဂျီယမ် ထီးနန်းကို စတင်စိုးစံခဲ့တဲ့ 1885 မှ 1908 အချိန်အထိ လက်အောက်ခံနိုင်ငံ တစ်ခု ဖြစ်တဲ့ အာဖရိကတိုက်မှ ကွန်ဂို နိုင်ငံသူ ၊ နိုင်ငံသားတွေကို သူ့ကိုယ်ပိုင် နယ်မြေ သဖွယ် သိမ်းဆည်း ပြီးကွန်ဂို နိုင်ငံသားများ ကို ကျွန်လို ခိုင်းပြီး သတ်ပစ်ခဲ့တဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
သတ်ပစ်တဲ့ နေရာမှာလည်း သားတွေကိုသတ်သည့်နေရာမှာ လက်တွေဖြတ် ၊မျိုးပွားအင်္ဂါတွေဖြတ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်စစီ ဖြတ်ပြီး အသက်ခံရတဲ့ လူတွေအများကြီး၇ှိခဲ့ပါတယ်။ အဆိုးဆုံး အဖြစ်ကတော့ (Nsala )အန်ဆလာ ဆိုသူဖြစ်ပြီး သူ၏ လုပ်အား "ရော်ဘာ" ပေးအပ်ဖို့ ခွဲတန်း ပေး ဖို့ ပျက်ကွပ် ခဲ့တာကြောင့် ၅ နှစ်အရွယ် သူ၏ သမီးလေးကိုယ်ခန္ဒာကို Leopold II ၏ လက်အောက်ခံ အလုပ်သမားခေါင်းဆောင်က သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ နောက်နေ့ မှာ အန်ဆလာ ၏ မိန်းမ ကို ပါ တစ်စစီ ခုတ်ထစ် သတ်ဖြတ် ခဲ့ပါတယ်။
ဘုရင်ကြီးဟာ သူအုပ်ချုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် အာဖရိကတိုက်သားတွေကို ကျွန်အဖြစ်ရောင်းစားကာ လုပ်ငန်းခွင်အတွက် မလိုအပ်တဲ့ သူတွေကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ကွန်ဂို နိုင်ငံကလူတွေဟာ အတော်လေးကို ဒုက္ခရောက်ခဲ့ကြပြီး တချို့ဆိုလျှင် တခြားနိုင်ငံကိုတောင် ထွက်ပြေးခဲ့ကြရပါတယ်။ ဘယ်လဂျီယံ ဘုရင် Leopold II သည် 1835 မှာ မွေးပြီး 1909 မှာ သေဆုံးကာ ကွန်ဂို သမိုင်း ကြောင်း အသစ်ပြန်စ ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia