အလွန်အကျွံ အချိန်တွေအများကြီး အိပ်စက်တာက တကယ်တော့ ကျန်းမာရေးအတွက် မကောင်းစေပါဘူး။
စာမေးပွဲကြောင့်ဘဲ ဖြစ်ဖြစ် ဂိမ်းဆော့လို့ဖြစ်ဖြစ် အလုပ်မအားလို့ဘဲ ဖြစ်ဖြစ် အိပ်ရေးပျက်တာတွေ များပြီး နောက်ရက်မှာ အတိုးချပြီး အချိန်တွေအကြားကြီးအိပ်တာက သင့်ကိုပိုပင်ပန်းထိုင်းမှိုင်းစေရုံမက သင်ပိုအိပ်စက် သမျှက သင့်ကျန်းမာရေးကိုထိခိုက်စေပါတယ်။
အိပ်ရေးပျက်တာတွေ များလာတဲ့အခါ အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါတို့ကို ဖြစ်ပေါ်လာစေပါတယ်။အဲ့ဒီထက်ဆိုးတာကတော့ နောက်ဆုံး သေစေနိုင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါဝေဒနါဆိုးတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။
လေ့လာစမ်းသပ်မှုများအရ တစ်ညကို ၈နာရီထက်ပိုအိပ်သူတွေမှာ လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရော ဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတယ်လို့သိရပါတယ်။
အရွယ်ရောက်ပြီးသားသူတွေဟာ ပုံမှန်တစ်ညကို ၇နာရီကနေ ၉နာရီအတွင်းအိပ်တာ လုံလောက်ပေမယ့် တစ်ချို့ကလည်း ၆နာရီလောက်နဲ့အိပ်ရေးဝတာ၊ ၁၀နာရီလောက်အိပ်မှ အိပ်ရေးဝတာမျိုးတွေလည်း ရှိပါ တယ်။ ယေဘုယျအားဖြင့် သင်နိုးလာချိန်မှာ ခေါင်းကိုက်ခြင်း၊ ကျောနာခြင်း၊ လေးလံထိုင်း မှိုင်းခြင်းတို့ မဖြစ်ဘူးဆိုရင် အဆင်ပြေတယ်လို့ဆိုလို့ရပါတယ်။ သင်ဟာ သင့်ကိုယ်သင် အိပ်ရေးမဝဘူးလို့ခံစားနေရတယ်ဆိုရင် ဘာအကြောင်းပဲရှိရှိ အိပ်ရာကိုအချိန်မှန်ဝင် အချိန်မှန်ထသင့်ပါတယ်။
သတင်း အရင်းအမြစ်៖ Healthline