အနုပညာလမ်းကြောင်းတစ်လျှောက် ဇာတ်လမ်းတွဲတွေတော်တော်များများရိုက်ကူးထားသလို ပွင့်လင်းတဲ့ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူကတော့ သရုပ်ဆောင်မင်းသားချောဘုန်းဆက်သွင်ပါပဲ..။
ဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ သူ့ရဲ့ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ယုံကြည်ချက်တွေကို လက်ကိုင်ထားပြီး ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။
ဖြိုခွင်းမှုတွေနဲ့ အတားအဆီးအခက်အခဲတွေရှိနေတဲ့ကြားက ချီးကျူးရလောက်အောင် တစ်ရက်မှမပျက်ကွက်ဘဲ နေ့စဉ်တိုင်းလူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ပါဝင်နေပြီး အားမာန်အပြည့်နဲ့ အားဖြည့်ပါဝက်နေသူပဲ ဖြစ်ပါတယ်..။
တော်လှန်ရေးတိုက်ပွဲကြီးမှာ ခွန်အားအပြည့်နဲ့ ပါဝင်ခဲ့တဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်းဝေမျှတတ်တဲ့ ဘုန်းဆက်သွင်တစ်ယောက် ဒီကနေ့လေးမှာ သူငယ်ချင်းတွေနဲ့အတူဆင်နွှဲခဲ့တဲ့ တော်လှန်ရေးသပိတ်အောင်မြင်ခဲ့တဲ့ အကြောင်းလေးကို ဝေမျှပြောပြလာပါတယ်..။
"ယနေ့ တောင်ဥက္ကလာ သပိတ် အောင်မြင်စွာ
ပီး ဆုံးသွားပါကြောင်း
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
???
???.." ဆိုပြီး တော်လှန်ရေးပုံရိပ်လေးတွေကို ဘုန်းဆက်သွင်က ပြန်လည်ဝေမျှထားတာပါ..။
အားကြိုးမာန်တတ်နဲ့ တစ်ရက်မှမပျက်ဘဲ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ဘုန်းဆက်သွင်တို့သူငယ်ချင်းတွေရဲ့ ရဲရင့်ပြတ်သားမှုလေးတွေကိုတော့ ပြည်သူပရိသတ်တွေကလည်း သဘောကျကာ ချီးကျူးအားပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ PhoneSett Thwin's Fb Acc