ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းနဲ့ စားပေးသင့်တဲ့ အစားအစာများ

//s9.kh1.co/06/0600f68476176fb84e4f5fcd7627ff197cc97a7d.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဆံပင်ဆိုတာဟာ လူတော်တော်များများ အထွတ်အမြတ်ထားတဲ့ အရာတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ဆံပင်လေးက အိစက်ပြီး စိုပြည်လှပတာကို လိုချင်ကြပါတယ်။

ဒါပေမယ့် ဆံပင်တွေကျွတ်လာပီဆိုရင်တော့ တော်တော်လေး စိတ်ညစ်ရပါတယ်။

ဆံပင်ကျွတ်တာများလာပြီဆိုရင် ဆံသားပါးလာတာတွေ ထိပ်ပြောင်လာတွေ ဖြစ်တတ်ပြီး ဒါတွေက ကိုယ့်ရဲ့အလှအပရေးရာကိုပါ ထိခိုက်လာစေပါတယ်။

Photo from google
Photo from google

ဆံပင်တွေဘာကြောင့် ကျွတ်ရလဲဆိုတာကတော့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။

ခန္ဓာကိုယ်အပူအအေး မမျှတတဲ့ အချိန်တွေမှာ ဆံပင်ကျွတ်နိုင်သလို ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်ကြောင့်လဲ ဆံပင်ကျွတ်နိုင်ပါတယ်။

ဒါ့အပြင် မျိုးရိုးအရလည်း ဆံပင်ကျွတ်တာဖြစ်နိုင်သလို ဆံသားကို ဂရုမစိုက်ပဲ ပစ်ထားတာကြာရင်လည်း ဆံပင်တွေကျွတ်နိုင်ပါတယ်။

Photo from google
Photo from google

ဆံပင်ကျွတ်တာများလာပီဆိုရင်တော့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအနှံ့တွေကို စားပေးသင့်သလို

ဒိန်ချဉ် ၊ ကိုက်လန်၊ မုန်လာဥနီ၊အမဲသား၊ ဆိတ်သား၊ စတဲ့အနီရောင်အသားတွေကိုလည်း စားပေးသင့်ပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူ နဲ့ ချောကလက်တွေကိုစားပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။

အဓိကအနေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို မျှတအောင်စားပေးပြီး ဆံသားကို ဂရုစိုက်ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာတွေကို သိသိသာသာ သက်သာလာစေမှာပါ။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T