ပရိသတ်ကြီးရေ.. ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားသလို ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ရပ်တည်လျှောက်လှမ်းနေသူတွေထဲမှာ မင်းသမီးချောမြတ်ကေသီအောင်လည်း အပါအဝင်ဖြစ်ပါတယ်နော်..။
ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲနေရာယူထားတဲ့ သူမကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေကာ ဇာတ်ကားတွေရိုက်ကူးနေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေသူပါပဲ..။




Covid ကာလ အနုပညာအလုပ်တွေနည်းပါးနေတဲ့အချိန်မှာလည်း သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အပန်းဖြေအနားယူရင်း ကုသိုလ်ယူခဲ့တဲ့အမှတ်တရလေးတွေကိုလည်း ချစ်ပရိသတ်တွေ ဝေမျှထားပါသေးတယ်..။
ပုံရိပ်လေးတွေထဲမှာ မြတ်ကေသီအောင်တစ်ယောက် လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေအနားယူနေရင်း တိရိစ္ဆာန်လေးတွေကို အစာကျွေးကုသိုလ်ယူနေတာဖြစ်ပြီး မြင်သူပရိသတ်တွေကို အေးချမ်းမှုလေးတွေ ကူးစက်စေမှာပါနော်..။




"တခါတလေ မွန်းကြပ်နေတဲ့ စိတ်တွေကို ဟိုးဝေးဝေးမှာ အပြီးလွှတ်ပြစ်လိုက်ချင်တယ်.." ဆိုပြီး အပန်းဖြေရင်း ကုသိုလ်ယူခဲ့တဲ့ အမှတ်တရလေးတွေကို မြတ်ကေသီအောင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။
အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ကုသိုလ်ယူနေတဲ့ အေးချမ်းကြည်နူးစရာပုံရိပ်လေးတွေကို သဘောကျနေကြသလို ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးချစ်ခင်နေကြောင်းကို ရေးသားကာ Comment လေးတွေ ပေးထားကြတာ တွေ့ရပါတယ်နော်..။




သတင်းအရင်းမြစ်: Myat Kay Thi Aung's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။