MMR အများဆုံးစံချိန်တွေတင်ထားတဲ့ Abed ရဲ့ pro ဘဝတစ်လျှောက်ခရီးလမ်း

//s9.kh1.co/2d/2d15973c38612ff38ff6082aeb4e022d94278531.jpg
အားကစားသတင်းများ

 ၁၃-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

photo credit - Abed twitter
photo credit - Abed twitter

Abed ကတော့ 2.8.2020 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Abed Azel L. Yusop ပဲဖြစ်ပါတယ်။

သူ့ရဲ့ birth date ကတော့ 2.8.2020 ဖြစ်တာကြောင့် အခုဆိုရင် Abed ဟာ အသက် 20 နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

Abed ကတော့ 2014 ခုနှစ်လောက်ထဲက SEA MMR leaderboards ရဲ့ ထပ်ဆုံးပိုင်းနေရာတွေကို သူ့ရဲ့ signature heros တွေဖြစ်တဲ့ Meeop , Invoker လို heros တွေနဲ့ရောက်ရှိလာခဲ့သူပဲဖြစ်ပါတယ်။

2015 ခုနှစ်အစောပိုင်းလောက်မှာတော့ Abed ဟာ MSI-EvoGT အသင်းမှာ ဝင်ရောက်ကစားခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Trackmate အသင်းကိုရောက်ရှိသွားခဲ့ပြီး 2016 ခုနှစ် 2 လပိုင်းလောက်မှာ Execration အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Execration အသင်းမှာ ဆယ်လလောက်ကစားပြီးတဲ့အခါမှာတော့ Abed ဟာ Team Onyx ကိုထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။

Team Onyx မှာ လေးလဝန်းကျင်လောက် ကစားပြီးတဲ့အခါမှာတော့ Abed ဟာ Digital Chaos အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက် 2017 ခုနှစ် ၁၁ လပိုင်းမှာတော့ Abed ဟာ ဖီလစ်ပိုင်နိုင်ငံရဲ့ အသင်းကြီးတသင်းဖြစ်တဲ့ Fnatic အသင်းကိုပြောင်းရွှေ့လာပါတော့တယ်။

Abed ဟာ Fnatic အသင်းနဲ့အတူ ပြိုင်ပွဲတွေများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် Dota 2 players တွေရဲံ အိမ်မက်ဖြစ်တဲ့ Ti champion ဆုကြီးကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ Performance ကောင်းတွေပိုင်ဆိုင်ထားတဲ့ Abed ဟာ Ti9 အပြီးမှာ Fantic ကိုစွန့်ခွာပြီး လစ်လပ်သွားတဲ့ Sumail ရဲ့နေရာမှာ အစားထိုးကစားဖို့အတွက် Evil Geniuses အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Evil Geniuses ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ Covid-19 ပြသနာတွေကြောင့် Abed ဟာ EG အသင်းတည်ရှိရာ North America ကိုသွားရောက်ဖို့ အခက်အခဲတွေရှိနေတာကြောင့် SEA မှာပဲ ယာယီအသင်းလေးတွေဖွဲ့စည်းပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေပါတယ်။

လက်ရှိမှာဆိုရင်လည်း Abed ဟာ ယာယီဖွဲ့စည်းထားတဲ့ Team Dog နဲ့အတူ BTS Pro Series Season 4 ; SEA ကိုဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေပါတယ်။

သို့ပေမယ့် လာမယ့် 2021 ခုနှစ်ထဲမှာ DPC Season ကလည်းပြန်စတော့မှာဆိုတော့ Abed ကို သူ့ရဲ့ main အသင်း Evil Geniuses နဲ့အတူ မကြာခင်ပြိုင်ပွဲတွေအတူဝင်ရောက်ယှဉ်ပြိုင်တာကို မြင်တွေ့ရနိုင်ပါတယ်။

Abed ရဲ့ singnatuer heros တွေကတော့ Meepo , Invoker , Templar Assassin တို့ဖြစ်ပြီး ကစားသမားဘ၀ total earning ကတော့ $447,700 USD ရှိနေပြီပဲဖြစ်ပါတယ်။

10k MMR ကိုရော 11k MMR ကိုရော ပထမဆုံးရောက်ရှိတဲ့ player တစ်ယောက်ဖြစ်တဲ့ Abed ရဲ့အကြောင်းလေးကို သိသလောက်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Liquipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T