မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီရွှေကြိုအဖြစ် ဝင်ရောက်အားဖြည့်ရင်း နောက်ပိုင်းမှာ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သံသာမိုးသိမ့်က က ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေကိုများစွာ ရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit - Than Thar Moe Theint fb page
Photo Credit - Than Thar Moe Theint fb page

သံသာမိုးသိမ့်က တမူထူးခြားတဲ့ပင်ကိုယ်အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတဲ့ အချိန်လေးမှာ အပျင်းအပြေ ဆော့ကစားထားတဲ့ tik tok လေးကိုဖော်ပြပေးပါတယ်။ ယခုမှာလည်း သံသာမိုးသိမ့်က ပရိသတ်တွေ ချစ်အားပိုစေမယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Than Thar Moe Theint fb page
Photo Credit - Than Thar Moe Theint fb page

ဒီဗီဒီယိုလေးထဲမှာတော့ ခေတ်စားနေတဲ့ tik tok လေးတွေအတိုင်း အသည်းယားစရာ ဟန်အမူအရာလေးတွေနဲ့ ဆော့ကစားထားတာ ဖြစ်ပါတယ်။ သံသာမိုးသိမ့်ရဲ့ အသည်းယားစရာ tik tok လေးကိုတော့ ပရိသတ်တွေ သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ သံသာမိုးသိမ့်ရဲ့ ဆော့ကစားထားတဲ့ ချစ်စရာ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Than Thar Moe Theint fb page

Tik Tok Video Source - Than Thar Moe Theint fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။