ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးတွေကြောင့် ထူးထူးခြားခြား အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူကတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ပဲဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာဆယ်စုနှစ်ကနေ ယခုအချိန်ထိ အောင်မြင်မှုတွေရရှိနေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဝတ်မှုံရွှေရည်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေစေခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က ရှိရင်းစွဲအသက်ထက်ငယ်ရွယ်နုပျိုနေပြီး ဆယ်ကျော်သက်လေးအတိုင်း အရမ်းကိုလှပနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဆိုသလို ဖော်ပြလေ့ရှိတာကိုလည်းတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဝတ်မှုံရွှေရည် က ပရိသတ်တွေအလွမ်းပြေအောင် အမိုက်စားပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေထဲမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အလန်းစားဖက်ရှင်လေးကို စမတ်ကျကျ ဝတ်ဆင်ထားပြီး ချစ်စရာကောင်းလောက်အောင် ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရင်ခုန်စရာကောင်းတဲ့ အကြည့်စူးစူးလေးတွေကလည်း ဆွဲဆောင်မှုရှိသလို ဘိုဆန်နေတဲ့ အလှတရားတွေကို ပရိသတ်တွေသဘောကျချစ်ခင်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချောမောလှပနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - Aung Kyaw Tun
Source - Wutt Hmone Shwe Yi's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။