ပရိသတ်တွေတော်တော်များများ Shadow Fight ကိုသိရှိကြမယ်လို့ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ထွက်ရှိခဲ့တဲ့ Action Game ကောင်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ပရိသတ်များပြီး လူကစားမှုများခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ယနေ့တိုင်လဲ လူဆော့ကစားမှုများနေတဲ့ဂိမ်းတစ်ခုအဖြစ်တည်ရှိနေပါသေးတယ်။ ပရိသတ်ထဲကတချို့လဲ ဆော့ကစားဖူးကြမယ်ထင်ပါတယ်။   

Shadow Fight ဟာအောင်မြင်ခဲ့ပြီးတော့ Shadow Fight 2 ဆိုတဲ့နာမည်နဲ့ ဂိမ်းကိုအဆင့်မြင့်ကာ ဆက်လက်ထွက်ရှိခဲ့ပါတယ်။ Shadow Fight 2 ကိုတော့ ပရိသတ်တော်တော်များများဆော့ကစားခဲ့ဖူးကြမှာပါ။ Shadow တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကို ပရိသတ်ကြီးအနေနဲ့လဲ တွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့နောက်ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့တာမို့ Shadow Fight 3 ကိုထွက်ရှိလိုက်ပါတယ်။  Updateအသစ်လဲ ပါ၀င်လာတာမို့ ဆော့ကစားရတာ တော်တော်ကောင်းမွန်လာတာကိုတွ့ရှိရမှာဖြစ်ပါတယ်။

ဒီတစ်ခေါက်ထွက်ရှိခဲ့တဲ့ Shadow Fight 3 ဟာရှေ့ကထွက်ရှိခဲ့တဲ့ ဂိမ်းတွေနဲ့ တော်တော်လေးကို ကွာခြားသွားပါတယ်။ ရုပ်ထွက်တွေ နောက်ခံပုံရိပ်တွေနဲ့ ဆော့ကစားရတဲ့အပိုင်းတွေက အရင်ဂိမ်းနဲ့ တခြားစီလို ဖြစ်သွားပါတယ်။ ရုပ်ထွက်က တော်တော်လေးကို ကောင်းမွန်ပြီး ဆော့ကစားရတာလဲ အရင်ဂိမ်းထက် ပိုမိုကောင်းမွန်းလာပါတယ်။ သို့သော် Shadow ဟာအရင်လိုမဟုတ်တော့တာကြောင့် ပရိသတ်တွေက အဲ့နေရာမှာတော့ ဝေဖန်ခဲ့ကြပါတယ်။ Shadow Fight 2 လောက်အမှတ်မကောင်းပေမဲ့ ၅မှတ်မှာ ၄မှတ်ရရှိထားတာမို့ ပရိသတ်ကြီးလဲ ဆော့ကစားကြည့်ပြီး အမြင်လေးတွေ ပြောပြခဲ့ပါအုန်း။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။