ထမင်းရည်ကတော့ ဟိုးအရင်တုန်းက အာဟာရပြည့်ဝစေဖို့အတွက် ကလေးတွေကိုတိုက်ကျွေးကြပြီး လူကြီးတွေကလည်း မနက်စာအာဟာရအဖြစ် သောက်သုံးကြပါတယ်။

သို့ပေမယ့် ယနေ့ခေတ်ကာလမှာတော့ ထမင်းကို အရင်ကလို ငှဲ့မချက်ကြတော့ပဲ ပေါင်းအိုးတွေနဲ့သာချက်လာကြတာကြောင့် ထမင်းရည်ရဖို့ခဲယဉ်းလာသလို ထမင်းရည်သောက်သုံးသူတွေဟာလည်း အရမ်းကိုနည်းပါးလာကြပါတယ်။

photocredit - doctor.ndtv

ထမင်းရည်ဟာ အာဟာရဓာတ်ပေါင်းများစွာပါဝင်နေတဲ့ အရည်တစ်မျိုးဖြစ်ပြီး သောက်သုံးပေးမယ်ဆိုရင် ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်လာစေသလို ကာယစွမ်းရည်တွေကိုလည်း တိုးတက်စေပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သလို ဝမ်းချုပ်တာမျိုးတွေကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းပြသနာတွေကို ကာကွယ်ပေးနိုင်တာကြောင့် ထမင်းရည်ဟာ သောက်သုံးပေးသင့်တဲ့ အာဟာရဓာတ်စာတစ်မျိုးပါပဲ

photocredit - doctor.ndtv

အလှအပပိုင်းနဲ့ပတ်သတ်လာရင်လည်း ထမင်းရည်နဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် မျက်နှာအသားအရည်လေး နူးညံ့လာနိုင်သလို မကြာခနသောက်သုံးပေးမယ်ဆိုရင်လည်း အသားအရေလေးဝင်းမွတ်လာစေပါတယ်။

ဒါ့အပြင် ထမင်းရည်ကို ဆံပင ်ဆံသား တိုးတက်ကောင်းမွန်စေဖို့အတွက် အသုံးပြုနိုင်သလို ပိတ်နေတဲ့ ချွေးပေါက်တွေကို ဖယ်ရှားပေးတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။

အကျိုးကျေးဇူးတွေ အများကြီးရရှိစေတဲ့အပြင် သဘာဝအားဆေးလေးဖြစ်တဲ့ ထမင်းရည်ကို ပုံမှန်လေးသောက်သုံးပေးကြရအောင်နော် ပရိသတ်ကြီး။

source - doctor.ndtv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။