အားလုံးပဲသိကြတဲ့အတိုင်း အားကစားပြုလုပ်တာက လူတွေကိုများစွားအကျိုးပေးပါတယ်။ အရင်တုန်းကဆိုရင် မနက်ပိုင်းစောစောမှာ လူကြီးတွေ လမ်းလျှောက်ထွက်တာတို့ လေ့ကျင့်ခန်းလုပ်ကြတာတို့ ငယ်ငယ်တုန်းက တွေ့ဖူးကြမှာပါ။ ခုအချိန်မှာတော့ Covid-19 ကြောင့် မည်သူမှ အရင်လို အားကစားတွေပြုလုပ်လို့မရတာကိုသိကြမှာပါ။ သို့သော်လဲ အရင်လို အားကစားတွေ ပြုလုပ်လို့ရခဲ့ရင် လူငယ်တွေအနေနဲ့ အားကစားလိုက်စားသင့်ပါတယ်။ ဒါကြောင့် အားကစားလိုက်စားခြင်းကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။ 

ကျန်းမာရေး ပိုမိုကောင်းမွန်ခြင်း

Photo Credit : Health and Sports

ဒီအအချက်ကတော့ ပရိသတ်တွေအားလုံးသိကြမှာပါ။ အားကစားပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ လှုပ်ရှားနေရတာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာလဲ ကောင်းမွန်စာ လှုပ်ရှားနိုင်ပြီး လူကို တက်ကြွလန်းဆန်းစေပါတယ်။ ဒါကြောင့်ပဲ ကျန်းမာရေးကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။ ထိုင်နေတဲ့သူတွေဆို အထိုင်များလာတဲ့အခါမှာ လူဟာမှိုင်းလာတက်တာကိုလဲ သိကြမှာပါ။ လှုပ်လှုပ်ရှားရှားနေတဲ့သူနဲ့ မှိုင်းနေတဲ့သူနှစ်ယောက်ကို ယှဉ်ရင် အသိသာကြီး ကွာခြားနေပါလိမ့်မယ်။

Smart ပိုကျစေခြင်း

Photo Credit : Health and Sports

ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အားကစားပြုလုပ်ခြင်းဖြစ်ဖြစ် Smart ကျနိုင်ပါတယ်။ Smart ဆိုတဲ့ စကားလုံးဟာလဲ ယောက်ျားလေးတွေအတွက်ပဲမဟုတ်ပဲ မိန်းကလေးအတွက်ပါသုံးလို့ရပါတယ်။ အားကစားပြုလုပ်တဲ့သူနဲ့ မပြုလုပ်တဲ့သူနှစ်ယောက်ကို ယှဉ်ရင် အားကစားပြုလုပ်တဲ့သူက ပိုကြည့်ကောင်းတာကို ပရိသတ်ကြီးလဲ သိရှိကြမှာပါ။

Teamwork နဲ့ အားကစားသမား စိတ်ဓာတ်ရှိခြင်း

Photo Credit : Health and Sports

ယနေ့ခေတ်နေရာတော်တော်များများမှာ Teamwork ရှိမှ ကိစ္စတစ်ခုကို အောင်အောင်မြင်မြင်ပြီးဆုံးမှာပါ။ အလုပ်ခွင်ဆိုလဲ အလုပ်ခွင်မှာ အားလုံးစည်းလုံးမှ အထက်အရာရှိက ကိုယ်မှားရင်တောင် ပြောလို့မရလောက်တဲ့ထိ တစ်ယောက်နဲ့တစ်ယောက်က Cover ပေးကြတာမို့ အဆင်ပြေစေတက်သလို ခရီးသွားဖို့ တိုင်ပင်တဲ့အခါမှာလဲ အကုန်လုံးက စုပေါင်းညီညွှတ်မှ ပျော်ပျော်ရွှင်ရွှင် အစီအစဉ်မပျက်ပဲသွားနိုင်မှာပါ။ အားကစားသမားစိတ်ဓာတ်ဆိုတာဟာလဲ ပရိသတ်ကြီးသိကြတဲ့အတိုင်း တစ်ဖက်သူကို အကျင့်မယုတ်ပဲ လေးစားမှုနဲ့ ဆက်ဆံတာတွေ ကစားတာတွေက အများအမြင်မှာလဲ ကိုယ့်ကို လေးစားစေပါတယ်။ ဒါတွေကို အားကစားပြုလုပ်ခြင်းဖြင့် သင်ယူသိရှိနိုင်ပါတယ်။ 

သူငယ်ချင်းများရရှိနိုင်ခြင်း

Photo Credit : Health and Sports

သူငယ်ချင်းတွေကို ပိုမိုများစေခြင်းရင်တော့ သင့်အနေနဲ့ အားကစားတွေပြုလုပ်သင့်ပါတယ်။ ဥပမာ ဘောလုံးကန်တဲ့အခါမှာဆို ပိုမိုသိသာပါတယ်။ ဘောလုံကန်တဲ့အခါမှာ ကိုယ့်ဖက်ကသူတွေကို မသိပေမယ့်လဲ ကန်နေရင်း ခင်သွားတာတို့ ဘာတို့ရှိတက်ပါတယ်။ အားကစားတော်တော်များမှာလဲ သူငယ်ချင်းတွေတော်တော်များများ ပြုလုပ်လို့ရပါတယ်။ ဂိမ်းဆော့နေတာထက် အပြင်မှာ အောရံဘာလုံးကန်တာတို့ ဘာတို့ပြုလုပ်ပြီး ရတဲ့သူငယ်ချင်းတွေက ပိုမိုများများရရှိစေပါတယ်။ 

အာရုံစူးစိုက်နိုင်ခြင်းနဲ့ အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်း

Photo Credit : Health and Sports

အာရုံစူးစိုက်နိုင်ခြင်းနဲ့ အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်း တို့ကတော့ အားကစားပြုလုပ်တဲ့အခါမှာ သင်ယူနိုင်ပါတယ်။ အားကစားပြုလုပ်တဲ့သူတော်တော်များများ အဲ့ဒီနှစ်ချက်ကို အလွယ်တကူသင်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေအလုပ်လုပ်တဲ့အခါမှာ တိကျသေချာပြီး စနစ်တကျဖြစ်ကာ အောင်မြင်တက်ကြပါတယ်။ ပတ်ဝန်းကျင်မှာလဲ အဲ့လိုသူတွေကိုတွေ့ရှိနိုင်ပါတယ်။ အားကစားလုပ်တဲ့သူတွေက သာမန်အလုပ်ကြိုးစားသူတွေထက် အောင်မြင်တာပိုမြန်တက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုမိုအာရုံစိုက်နိုင်ပြီး အချိန်ကို စီမံခန့်ခွဲနိုင်တာကြောင့် ဘယ်အချိန်မှာ ငါဘာလုပ်ရမယ် ဘာကိုလုပ်မယ် စသဖြင့်စနစ်ကျခွဲခြားသိမြင်နိုင်ကြတာမို့ နေရာကောင်းအမြဲရတက်ပါတယ်။

သတင်းအရင်းမြစ် Health and Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။