အဆိုတော်၊သရုပ်ဆောင် ထွန်းထွန်းကတော့ အနုပညာအရည်အချင်းပြည့်ဝတဲ့ ပရိသတ်အချစ်တော်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ ထွန်းထွန်းက အဆိုပိုင်းမှာထူးချွန်သလို သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီဆုရရှိပြီး အနုပညာမှတ်တိုင်စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ထွန်းထွန်းတစ်ယောက် သရုပ်ဆောင်ပိုင်းကိုသာ ဦးစားပေးလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc

ပျော်ပျော်နေတတ်တဲ့ ထွန်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သူငယ်ချင်းဖြစ်တဲ့ မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်တို့နဲ့အတူ ခရီးထွက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ထွန်းထွန်းက သူငယ်ချင်းဖြစ်သူ ကျော်ကျော်ဗိုလ်ရဲ့ချစ်စရာသမီးချောလေးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ထွန်းထွန်းက "ချစ်စရာ Ike လေးနဲ့ Selfie" ဆိုပြီး ကျော်ကျော်ဗိုလ့်သမီးလေးနဲ့ပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Kyaw Kyaw Bo's FB Acc
Photo Credit-Kyaw Kyaw Bo's FB Acc
Photo Credit-Htin Aung Tun's FB Acc

ထွန်းထွန်းကတော့ ပါးဖောင်းဖောင်းနဲ့ချစ်စရာကောင်းလွန်းတဲ့ Ike လေးကို အရမ်းချစ်နေရတာလည်း ဖြစ်ပါတယ် ။ ထွန်းထွန်းနဲ့ Ike လေးတို့ကတော့ အတူဆုံတုန်းအချိန်လေးမှာ ဆင်တူပို့စ်လေးတွေပေးကာ ချစ်ချစ်ခင်ခင် ဓာတ်ဖမ်းခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းနဲ့ ကျော်ကျော်ဗိုလ့်သမီးလေး Ike တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Kyaw Kyaw Bo's FB Acc

Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc
Photo Credit-Htin Aung Tun's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။