ပရိတ်သတ်ကြီးရေ..... ဗီဒီယိုဇာတ်ကားများ၊ကြော်ငြာများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့တဲ့ စံရတီမိုးမြင့်ကိုသိကြတယ်မလား။သူမဟာ ကြည်လင်ဝင်းပပြီး ပြစ်မျိုးမှဲ့မထင်တဲ့အသားအရည်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘာဝတ်ဝတ်လိုက်ဖက်ညီစွာ လှပလွန်းတဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
စံရတီမိုးမြင့်ကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့သဲသဲလို့ခေါ်ကြတာဖြစ်ပြီး သူမဟာလည်းတစ်နေ့တစ်ခြားပိုပြီး ချစ်စရာကောင်းနေတာပါ။ ဒါ့ပြင်သူမဟာ ခန္ဓာကိုယ်နဲ့ပက်သက်ပြီးလည်း ဂရုတစိုက်နဲ့နေလေ့ရှိတာကြောင့် သေးသွယ်ကျစ်လျစ်တဲ့ဘော်ဒီအမိုက်စားလေးနဲ့ လန်းနေတာပါနော်။ သဲသဲရဲ့ခါးဆိုဒ်လေးကလည်း ၂၃ပဲရှိတာကြောင့် မိန်းကလေးချင်းတောင်ကြွေရတဲ့သူလေးပါ။
သဲသဲဟာ အိမ်မွေးခွေးလေးတွေနဲ့လည်းပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး သူ့ရဲ့အားလပ်ချိန်တိုင်းကိုခွေးလေးတွေနဲ့အချိန်ကုန်ဆုံးတာများတာပါ။ မကြာသေးမီက သဲသဲဟာ သူမရဲ့Facebookစာမျက်နှာတွင် အချေပို့စ်လေးပေးကာ လန်းနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-San Yati Moe Myint's Facebook acc
Photo credit-San Yati Moe Myint's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။