"Stress"လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟာ ရောဂါတစ်ခုလားလို့မေးတော့ ရောဂါလို့တော့ ပြောလို့မရပါဘူးနော်...။ သူဟာလူတစ်ယောက်ရဲ့ ဘဝမှာအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်...။ ဒါကြောင့် stress လို့ ပြောလိုက်တိုင်း မကောင်းဘူးလို့ ထင်လို့မရပါဘူး...။ တော်သင့်ရုံ stress ဟာ ကျွန်ုပ်တို့ကို အမျိုးမျိုးသောတွန်းအားတွေ၊ ဖိအားတွေကြားမှာ survive ဖြစ်ဖို့၊ ကောင်းကောင်းရှင်သန်နိုင်ဖို့၊ စိတ်အားပြင်းပြင်းပြပြအလုပ်လုပ်ပြီးအောင်မြင်စေဖို့အတွက် အထောက်ပံ့ကောင်းတစ်ခုပဲဖြစ်ပါတယ်...။

Photo credit pngtree

နောက်ပြီးတော့ အရေးပေါ် အခြေနေတစ်ခုခုမှာလွတ်မြောက်စေဖို့၊ ရုန်းထွက်နိုင်ဖို့ “fight-or-flight” reaction or the "stress response" အတွက်လည်း stress ဆိုတာလိုအပ်ပါတယ်...။ ဒီလိုအခြေနေမှာ stress hormones တွေဖြစ်တဲ့ Adrenaline နဲ့ cortisol တွေထွက်လာပြီး နှလုံးခုန်နှုန်းတွေ၊ အသက်ရှူနှုန်းတွေ မြန်လာမယ်၊ သွေးလည်ပတ်မှုတွေ မြန်မြန် စီးဆင်းလာမယ်၊ ကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေ ပိုကောင်းလာမယ်၊ မျက်လုံးအိမ်ကပိုကျယ်လာပြီးလူကိုပိုမိုသွက်လက်လာစေပါတယ်...။

Photo credit For Your Health For Your Beauty Facebook Page

ဥပမာ - စာမေးပွဲနီးနေတဲ့ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲနဲ့ပတ်သက်တဲ့ Exam Stress ဆိုတာမရှိရင် စာလည်းသေချာကျက်မှာမဟုတ်ဘဲစာမေးပွဲလည်း ကောင်းကောင်းမွန်မွန်အောင်မှာမဟုတ်ပါဘူး...။ စာမေးပွဲနဲ့ပတ်သက်ပြီးအထိုက်အလျောက် စိုးရိမ်စိတ်လေးရှိမှသာ ကြိုးစားအားထုတ်မှု ရှိလာမှာဖြစ်ပါတယ်...။ ဒီသဘောလိုပါပဲ....ပုံမှန်အားဖြင့် ခြောက်ပေအမြင့်ရှိတဲ့ နံရံတစ်ခုကိုမကျော်တက်နိုင်ပေမယ့် အနောက်က ကျားလိုက်လာတဲ့အခါမှာတော့ ဘယ်လိုဘယ်လို ကျော်မိမှန်းမသိတော့အောင်ဖြစ်သွားခဲ့ပါတယ်...။ ပြောရရင် stress ဆိုတာ ကျွန်ုပ်တို့ဆီကိုဦးတည်လာတဲ့ လှုံ့ဆော်မှုတွေကနေ ခန္ဓာကိုယ်က ကာကွယ်ပေးတဲ့ပုံစံဆိုရင် ပိုမှန်မယ်ထင်ပါတယ်...။ ဒါပေမယ့် သူ့ရဲ့ပမာဏကလည်း အရက်လိုပါပဲ....။ အနေတော်လောက် (ဆေးဖြစ်ဝါးဖြစ်လောက်) ကတော့ လူ့အတွက် ကောင်းပြီးအရမ်းများသွားရင်တော့ ကျွန်မတို့တွေကိုရောဂါတွေဖြစ်စေတဲ့အပြင် လူမှုဆက်ဆံရေးမှာရော၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုပါ ကျဆင်းစေပါတယ်...။ ဒီလိုအတိုင်းတာလွန်သွားတဲ့ stress မျိုးကိုတော့ ရောဂါလို့ပြောရမှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာများ" ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။