ပရိသတ်အချစ်တော် စိုးပြည့်သဇင်ကတော့ အနုပညာအသိုင်းအဝိုင်းကြီး ထဲက ဆင်းသက်လာတဲ့ အနုပညာပိုးပါသူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းက အနုပညာကို ရူးသွပ်ခဲ့ပြီး အဆိုအကအတီး သရုပ်ဆောင် စတာတွေအားလုံးမှာဘက်စုံထူးချွန်တဲ့ သူလေး ပဲဖြစ်ပါတယ်။၂၀၀၉ ခုနှစ်ကလည်း (မိုးညအိပ်မက်မြူ)ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီရွှေစင် ရုပ်ထုကြီး ပိုင်ဆိုင်ခဲ့ပြီး သူမရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ အနုပညာတင်ဆက် မှုတွေကို ပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေခဲ့ရတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာလည်း သူမ ရူးသွပ်တဲ့ အနုပညာနဲ့ ပရိသတ်တွေကိုအကောင်းဆုံး ကြိုးစားတင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ယခုရိုက်ကူးနေတဲ့ သူမရဲ့အနုပညာ ခြေလှမ်းအသစ်မှာတော့ ကျက် သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ သီလရှင်ဆရာလေး တစ်ပါး အဖြစ်မြင်တွေ့ ရမှာပဲဖြစ်ပါ တယ်။ သူမထူးထူးခြားခြား ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်နေတဲ့ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ဒီနေ့မှာ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ်ကနေ သာသနာ့ဘောင်အတွင်းက ဆရာလေးအဖြစ် ထူးထူးခြားခြား မြင်တွေ့ရတော့လည်း တကယ့်ကိုကြည်ညိုစရာ ပဲဖြစ်ပါတယ်။ရိုက်ကူးရေးအတွက် သာခေတ္တ သီလရှင်ဝတ်ခဲ့တာ ဖြစ်ပြီး တကယ့်သာသနာ့ဘောင်အတွင်း ဝတ်ရောက်ခဲ့တာ မဟုတ် ပါဘူး။ သူမရဲ့ လူမှုကွန်ယက်မှာလည်း ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေ မျှဝေပေးထားတာ ဖြစ်ပြီး ပုံရိပ်လေးတွေထဲမှာတော့ မင်းသားချော ပြေတီဦးနဲ့ သရုပ်ဆောင်နေတဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ အများကြီး ပါဝင်ရိုက်ကူးနေတဲ့ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်အချစ်တော် စိုးပြည့်သဇင်ရဲ့ ဘယ်လိုထူးခြားတဲ့ အနုပညာတင် ဆက်မှုတွေ ကြည့်ရှု့ခံစားရမလဲ ဆိုတာ ရင်ခုန်စရာပဲဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - စိုးပြည့်သဇင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။