PUBG Mobile နဲ့ Jujutsu Kaisen တို့ရဲ့ Collaboration

//s9.kh1.co/75/75cd6a4b1d08c7bc25e96adfd1072ccf6d681a90.webp
E-Sports

 ၁၉-ဖေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မတ်လ ၁၅ ရက်နေ့ထိ Event ရှိနေမှာဖြစ်ပါတယ်

Battle royal ဂိမ်းတစ်ခုဖြစ်တဲ့ PUBG Mobile ဟာနာမည်ကြီး Anime ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Jujutsu Kaisen နဲ့ Collaboration ပြုလုပ်မယ်လို့ Krafton ဖက်ကကြေညာလိုက်ပါတယ်။မတ်လ ၁၅ ရက်နေ့ထိကြာမဲ့ Collaboration ဟာဇာတ်လမ်းတွဲထဲက အဓိကဇာတ်ကောင်တွေရဲ့ Skin တွေပါဝင်မှာဖြစ်ပြီး Curesd Corpse ရန်သူတွေ၊ဆုလက်ဆောင်ဘူးတွေ၊Emoji အသစ်တွေနဲ့ တခြားပစ္စည်းပေါင်းများစွာ ပါဝင်မယ်လို့သိရပါတယ်။

Credit:IMDb
Credit:IMDb

Jujutsu Kaisen ရဲ့ဇာတ်လမ်းကတော့ လူတိုင်းအားလုံး Cursed စွမ်းအင်ထုတ်လွှတ်နိုင်တဲ့ ကမ္ဘာမှာဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပုံမှန်လူသားတွေက အဲ့ဒီစွမ်းအင်ကိုမထိန်းချုပ်နိုင်ပဲ သေဆုံးသွားကြရင်း တစ်ဖက်မှာလည်း လူသားမျိုးနွယ်ကိုဒုက္ခပေးချင်တဲ့ Curses တွေကိုတချိန်တည်းမှာ မွေးဖွားပေးသလိုဖြစ်နေပါတယ်။Jujutsu Sorcerers ဆိုသူတွေကတော့ အဆိုပါစွမ်းအင်ကိုထိန်းချုပ်အသုံးချပြီး သူမတူတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်သူတွေပါ။

အဓိကဇာတ်ကောင်ကတော့ Cursed လက်ချောင်းတစ်ချောင်းကို မြိုချမိရာကနေ Curse Ryomen Sukuna ဖြစ်လာသူ အထက်တန်းကျောင်းသား Yuji Itadori ဖြစ်ပါတယ်။သူဟာ အသက်မ‌ဆုံးရှုံးရအောင် Sukuna ရဲ့လက်ချောင်းတွေအားလုံးကို အချိန်မှီ‌စားရဖို့ ကြိုးစားနေသူပါ။

Credit:Pocketgamer
Credit:Pocketgamer

ဇာတ်ကောင်တွေအားလုံးရဲ့ Cosplay ဝတ်စုံတွေလည်းပါဝင်မှာဖြစ်ပြီး Erangel နဲ့ Livik မြေပုံတို့ပေါ်မှာ အသုံးပြုနိုင်မှာပါ။Cursed Object ဘူးတွေကတော့ မြေပုံအနှံ့မှာရှိနေမှာဖြစ်ပြီး ဆုလက်ဆောင်တွေရနိုင်မဲ့ Sukuna လက်ချောင်းတွေပါဝင်ပါတယ်။

Credit:Dot Esport
Credit:Dot Esport

Cursed Corpes တွေလည်း ဂိမ်းထဲမှာပါလာမှာပါ။Curesd Corpse လက်ပစ်ဗုံးတစ်လုံးကို အသုံးပြုလိုက်ရင် Boss ကြီးတစ်ယောက်ပေါ်လာမှာဖြစ်ပြီး သူ့ကိုသတ်နိုင်တာနဲ့ လက်နက်တွေ၊ပစ္စည်းတွေရရှိမှာဖြစ်ပါတယ်။ပွဲများများဆော့လေလေ၊Exploration အမှတ်တွေပိုရလေလေဖြစ်ပြီး Jujutsu Kaisen ဒီဇိုင်းနဲ့ဆုတွေ၊ယာယီအသုံးပြုနိုင်တဲ့ Emote တွေ၊အဆင်တန်‌ဆာတွေ၊cosplay set တွေနဲ့တခြားသောပစ္စည်းတွေအများကြီး ရရှိမှာဖြစ်ပါတယ်။အဲ့လိုရရှိတဲ့လက်ဆောင်တွေကို အမြဲတမ်းအပိုင်ရအောင်လုပ်နိုင်တဲ့ ရွေးချယ်မူတစ်ခုပါဝင်တယ်လို့လည်းသိရပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T