ပတ်ဝန်းကျင်မှာ လုံးဝမထားသင့်တဲ့ လူများ

//s9.kh1.co/b3/b325cb9be739f089bf283bb0571da589c0b1856b.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၉ ရက် က

ပတ်ဝန်းကျင်မှာ လုံးဝမထားသင့်တဲ့ လူများ

The Energy Vampire 

Negative တွေပြောပြီးတော့ တစ်ချိန်လုံး မကောင်းမြင်စိတ်များလွန်းတဲ့သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေဟာ သူတို့အတွက်သာမက ဘေးကလူတွေရဲ့အကောင်းမြင်စိတ်နှင့်စွမ်းအားတွေကိုပါ ပျောက်ဆုံးစေပြီးတော့ စွမ်းအားတွေကုန်ဆုံးစေနိုင်တဲ့လူတွေဖြစ်ပါတယ်။ ဒီလိုလူတွေနှင့်နေတာများလာရင် ကိုယ်တိုင်ပါ အကောင်းမြင်စိတ်နည်းပါးပြီး မကောင်းတာတွေပဲတွေးနေတဲ့လူလိုမျိုးဖြစ်နေမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=376,q=100/ff/ff77bda8d00cd0934eae4da5308e5cd82368c990.jpg

 The Liar

လိမ်ညာခြင်းဟာ ဆက်ဆံရေးတွေမှာ အတော်လေးဆိုးဝါးတဲ့အရာပါ။ ဒီလိုလူတွေကတော့ လိမ်ညာတာကို သာမာန်ကိစ္စတစ်ခုလိုမျိုးလုပ်နေကြတဲ့သူတွေပါ။ ကိုယ့်ကိုထိခိုက်စေနိုင်တဲ့အလိမ်တွေပြောတာမျိုးမဟုတ်ပေမဲ့ အသေးအဖွဲလေးတွေမှာ အမြဲတမ်းလို ပွင့်လင်းမြင်သာတာမျိုးမရှိဘဲလိမ်ညာတတ်ကြပါတယ်။

https://s9.kh1.co/__image/w=360,h=250,q=100/30/3095a046f62e791edd1f8b58cf3f8b43682df9f2.jpg

The Green Eyed

ဒီလူတွေကတော့ မနာလိုစိတ်ကြီးလွန်းတဲ့သူတွေဖြစ်ကြပါတယ်။ တယောက်ယောက်ရဲ့အောင်မြင်မှုကို မျှဝေပေးတာမျိုးမဟုတ်ဘဲ အမြဲတမ်းမကောင်းမြင်ပြီး မနာလိုတတ်လွန်းတဲ့သူမျိုးဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ပျက်စီးရာပျက်စီးကြောင်းကိုလည်း အချိန်တိုင်းတွေးနေတတ်တဲ့သူမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=423,q=100/15/1516cac5eeb845a2c9140b189c2a9f9a85d91bd0.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T