Toxic ဆန်လွန်းတဲ့လူအမျိုးအစားများ

//s9.kh1.co/8a/8abdad9c25a7abce5373a54c40b36901175c1ec2.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၉ ရက် က

Toxic ဆန်လွန်းတဲ့လူအမျိုးအစားများ

The Narcissist

ဒီအမျိုးအစားလူတွေဟာ လုံးဝတစ်ကိုယ်ကောင်းဆန်ကြပြီးတော့ သူတို့အတွက်ထဲကိုပဲသိကြတဲ့သူတွေပါ။ တစ်ခြားသူတွေရဲ့ခံစားချက်တွေဟာ သူတို့အတွက်တော့ လုံးဝအရေးမကြီးတဲ့အရာဖြစ်ပြီးတော့ လိုအပ်လာရင်ကိုယ်ကျိုးအတွက် ဘယ်သူ့ကိုမဆို ချနင်းကြမယ့်လူတွေဖြစ်ပါတယ်။ ဒီလိုလူတွေရဲ့ဘေးမှာနေရတဲ့လူဟာ အမြဲတမ်းအထီးကျန်နေပြီးတော့ အချိန်ကြာလာရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါပျောက်ဆုံးသွားတတ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=296,q=100/84/847607ed4601eff54be13fdedd5e7c98b86e88f8.jpg

The Controller 

ဒီလိုလူတွေကတော့ အရာရာကိုချုပ်ကိုင်ထားချင်ကြတဲ့သူတွေဖြစ်ပါတယ်။  သူတို့ဟာ သူတို့ဘေးနားမှာရှိနေတဲ့သူတွေအားလုံးကိုထိန်းချုပ်ချင်ကြပြီးတော့ ဆုံးဖြတ်ချက်တိုင်းကိုသူတို့ပဲသတ်မှတ်ချင်ကြတဲ့သူတွေဖြစ်ပါတယ်။ အရာအားလုံးကိုသူတို့လက်အောက်ကနေပဲ ဆုံးဖြတ်ချင်ကြတာကြောင့် ဒီလိုလူတွေနှင့်နေရင် ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလို ဘာမှလုပ်ကိုင်နိုင်စွမ်းမရှိတဲ့လူလိုမျိုး ခံစားနေရပါလိမ့်မယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/a6/a640d82e3845873c2826e42cc37543492e993a03.jpg

The Drama Magnet

 Drama Queen လို့တောင်တင်စားနိုင်တဲ့ဒီလူတွေကတော့ တစ်ခြားသူတွေကိုမကောင်းလုပ်ပြီးတော့ သူတို့ကိုယ်သူတို့နစ်နာသူလိုမျိုးအမြဲပြောတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့အတွက် ပတ်ဝန်းကျင်ဟာအမြဲတရားခံဖြစ်ပြီးတော့ သူတို့ကတော့အမြဲ နစ်နာသူ အဖြစ် ပန်းနုသွေးတတ်ကြတာပါ။ ဒီလိုလူတွေဘေးနားမှာအချိန်ကြာကြာနေမိရင် ကိုယ်တိုင်သတိမထားလိုက်မိတဲ့အချိန်မှာပဲ အကျင့်တွေကူးစက်သွားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=374,q=100/09/097d978206d613f33e06b967c0166bddcd904c1d.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T