ပထမဆုံးတွေ့ဆုံမှုမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမူများ

//s9.kh1.co/ba/babfd305e51da8dada6c167c9d96d1915a838868.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၇ ရက် က

ပထမဆုံးတွေ့ဆုံမှုမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမူများ

ပထမဆုံးတွေ့ဆုံမှုဟာ လူတွေအတွက်အတော်လေးအရေးကြီးပါတယ်။ ဒီတွေ့ဆုံမှုမှာ လုပ်မိတဲ့အပြုအမူတိုင်းဟာ ကို့်ယ်ကိုတစ်ပါးသူအမြင်မှာ ဘယ်လိုလူဖြစ်တယ်ဆိုတာကိုပုံဖော်ပေးနေမှာဖြစ်တာကြောင့် ပထမဆုံးတွေ့ဆုံမှုမှာ ရှောင်ကြဥ်သင့်တဲ့ အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/ac/ac4cbc46e7e12343e8ae95b12ecb1acc7dbea8c1.jpg

တွေ့တွေ့ချင်းလူကို အချိန်ကြာအောင်စိုက်ကြည့်နေတာမျိုး အာရုံလွင့်နေသလိုစိုက်ကြည့်နေတာမျိုးမလုပ်မိပါစေနဲ့။ အကြည့်ချင်းဆုံတာဖြစ်သင့်ပေမဲ့ လိုတာထက်ပိုပြီးစိုက်ကြည့်နေခြင်းကတော့ ကောင်းမွန်တဲ့အထင်အမြင်တွေကိုဖြစ်လာစေမှာမဟုတ်ပါဘူး။ နေကာမျက်မှန်ဆောင်းနေတာ စကားပြောနေချိန် လည်ပင်းကိုပွတ်နေတာ လက်သည်းကိုက်နေတာမျိုးကလည်း တစ်ဖက်လူကို မလေးစားရာကျတာကြောင့် လုံးဝမလုပ်သင့်တဲ့အပြုအမူပါ။

https://s9.kh1.co/__image/w=564,h=376,q=100/eb/eb8ab73fb54b1544da78889abc3bcf1937d96c40.jpg

လက်တွေကိုအိပ်ကပ်အတွင်းထည့်တာမျိုးနှင့် စကားပြောနေချိန်မှာ သိသိသာသာအညောင်းဆန့်တာတွေဟာ တစ်ဖက်လူအတွက်အထင်သေးစရာကောင်းတဲ့အပြုအမူဖြစ်ပါတယ်။ ခြေချိတ်ထိုင်တာ ကိုယ်အနေအထားကိုကောင်းကောင်းမထားဘဲ ပျင်းရိပျင်းတွဲ ထိုင်ခုံကိုမှီထိုင်နေတာမျိုးကလည်း First Impression ကိုလုံးဝမကောင်းစေမယ့် အပြုအမူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=376,q=100/ff/fffa9675130494d80e53a4c613b4ce6efc6e186b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T