အနှစ်များများလေးနဲ့ အမဲသားလုံးချက်

//s9.kh1.co/a7/a7da5ed455bbcfa1c65588bd07f624323b2c8a81.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၂၁ ရက် က

အနှစ်များများလေးနဲ့ အမဲသားလုံးချက်

အမဲသားလုံးချက်ဒီနေ့မှာတော့ အရင်ရက်ကလုပ်ပြခဲ့တဲ့ အမဲသားလုံးလေးကို ခရမ်းချဉ်သီးအနှစ်နဲ့ ချဉ်ချဉ်စပ်စပ်လေးချက်ရအောင်။ အနှစ်များများလေးနဲ့ စားချင်ရင် ခရမ်းချဉ်သီး၊ ကြက်သွန်နီပိုထည့်ပါ။ စပ်စပ်လေးပိုချက်ချင်ရင် ငရုတ်သီးလေး ထောင်းထည့်ပါ။

https://s9.kh1.co/__image/w=650,h=342,q=100/a1/a1fc0a581781dc4b83b8ae9a8849a702599e3973.jpg

ပိုပြီးချဉ်ချဉ်လေးဖြစ်ချင်ရင်တော့ မန်ကျည်းသီးအနှစ် ပိုထည့်ပါနော်။ ချက်ကြည့်ရအောင်…ပါဝင်ပစ္စည်းများအမဲသားလုံးခရမ်းချဉ်သီး ၃လုံးကြက်သွန်နီ အသေး၃လုံးကြက်သွန်ဖြူ၊ဂျင်း ထမင်းစားဇွန်း၂ဇွန်းဆား အနည်းငယ်Dashiရေညှိမှုန့် အနည်းငယ်ပဲငံပြာရည်အကြည် စားပွဲဇွန်း၁ဇွန်းဆီ စားပွဲဇွန်း၃၊ ၄ဇွန်းငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ရေ အနည်းငယ်ပြုလုပ်နည်းအဆင့်ဆင့်၁။ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ကြိတ်ထားပါ။

https://s9.kh1.co/__image/w=650,h=342,q=100/97/97e60fb2b928f753ceffa4dc78799f0be9a5d428.jpg

မီးဖိုပေါ်မှာချက်မယ့်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်းဆီသတ်ပါ။ မွှေးလာရင် ခရမ်းချဉ်သီးကြိတ်ထားတာ ထည့်ချက်ပါ။ အရသာတွေအကုန်ထည့်ပြီး ချက်ပါ။၂။ အမဲသားလုံးတွေထည့်ပြီး ရေအနည်းငယ်လောက်ထည့်ချက်ပါ။ အရသာလိုချင်တဲ့အနေအထားရပြီဆိုရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ။   

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T