ဝက်ပဲတီချဥ်သုပ်

//s9.kh1.co/ba/baa1d7fb1177d4275494dd420232aab59747408b.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၂၁ ရက် က

ပဲတီချဥ်

 ပဲတီပင်ပေါက်တွေက ဆေးနဲ့ဖောက်ကြတာမို့ အရသာသိပ်မကောင်းလှပါ အထားလဲမခံ ပုတ်လွယ်ပါတယ်..ပဲတီချဥ်သိပ်မယ်ဆို စျေးကဝယ်လာတဲ့ပဲတီချဥ်တွေကို ရေစင်အောင်ဆေးပြီး စကာနဲ့ရေစစ်ထားပါ..ရေခြောက်သွားရင် ဆားနဲ့နယ်ပါ ပြီးရင် ဖန်ပုလင်းသို့မဟုတ် စဥ့်အိုးထဲ့သို့ ထဲ့သိပ်ထား နှစ်ညအိပ်ဆိုရင်ချဥ်ပါပြီ..ရေခဲသေတာထဲထည့်ထားရင် သုံးလေးရက်တော့ခံပါတယ်..ပဲတီချဥ်ကို သူ့ချည်းပဲသုပ်စားလဲရသလို ဝက်သုံးထပ်သားနဲ့ချဥ်ရည်ချက်စားလဲ အလွန်မြိန်ပါတယ်.

https://s9.kh1.co/__image/w=650,h=342,q=100/98/9845af0e539b5f397792b670c45be500b4483938.jpg

ဝက်သုံးထပ်သားလေးနဲ့သုပ်စားကြည့်ပြီးစားကောင်းလို့ ပြန်လည်မျှဝေပေးလိုက်တာပါတယ် လိုအပ်တာတွေကတော့ ပဲတီချဥ် တစ်ပန်းကန်စာ ကြက်သွန်နီဥကြီး ၂လုံး ဆား အနည်းငယ် ဟင်းခတ်မှူန့် လက်ဖက်စားဇွန်း တစ်ဇွန်း ငရုတ်သီးစိမ်း ၅တောင့် သခွားသီး အနည်းငယ် မြေပဲဆီသန့် ထမင်းစားဇွန်း ၁ဇွန်း နံနံပင် သို့မဟုတ် ကြက်သွန်မြိတ် မိမိကြိုက်ရာထည့်ပါ (ခပ်ကြမ်းကြမ်း လှီးဖြတ်ထားပါ) ပြုလုပ်နည်းကတော့ဆား နှင့် နံနံမှလွဲ၍ ကျန်ပါဝင်တာအားလုံးရောနယ်ပါ..အချဥ်သိပ်စဥ်ကဆားပါထားလို့ ဆားကိုမြည်းကြည့်ပီး လိုအပ်မှထဲ့ပါ.နောက်ဆုံးမှ နံနံဖြူး..သခွားသီးကိုအလှဆင်ထည့်ပြီးသုပ်ပါ.ခုဆို လွယ်ကူမြန်ဆန်တဲ့ အညာ ဝက်သုံးထပ်သားပဲတီချဥ်သုပ်လေးရပါပြီနော်..အားလုံးပဲ မတင်းတိမနိုင်အောင် ခံတွင်းမြိန်ကြပါစေနော်

https://s9.kh1.co/__image/w=650,h=342,q=100/11/1118954a7cac0bee4443563d57c95ff1057abce8.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T