ဝက်သွေးခဲချက်စားကြမယ်

//s9.kh1.co/88/881cd76a91a28880678adb6a034e9f6ac729ab4f.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၂၁ ရက် က

ဝက်သွေးခဲချက်စားကြမယ်

ဒီနေ့မှာလဲ အညာစာချစ်သူတွေ ကို အညာဟင်းလေးနဲ့ပဲ မိတ်ဆက်ပေးပါရစေ. ဝက်သွေးလတ်လတ်ဆတ်ဆတ်ဝယ်ရလွယ်ကူတော့ ကိုယ်တိုင်ခဲပြီးမှချက်စားရတော့ အရောနှောကင်းတဲ့ ဝက်သွေးခဲစစ်စစ်စားရတာပါ ကဲ ဘာပဲဖြစ်ဖြစ် ချက်လိုက်ကြရအောင်ဗျ...

https://s9.kh1.co/__image/w=650,h=342,q=100/86/8610c6fd6ca0eeee86ad181ba79484ca75e750a6.jpg

လိုအပ်တာတွေကတော့..

ဝက်သွေးခဲ ၁ဝကျပ်သား ခဝဲသီးအလတ် တစ်တောင့် ကြက်သွန်နီဥကြီး ၃လုံး(ပါးပါးလေးလှီးထားပါ) ခရမ်းချဉ်သီးအကြီး ၄လုံး(ပါးပါးလှီးထားပါ) နနွင်းမှုန့်လဖက်ရည်ဇွန်းဝက် အရောင်တင်မှုန့် လဖက်ရည်ဇွန်း ၂ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း၂ဇွန်း ဟင်းခတ်မှူန့် လဖက်ရည်တဇွန်းခွဲ မျှစ်ပြုတ်ထားပြီးသား အနဲငယ် ငရုတ်သီးစိမ်း ၅တောင့် ကြက်သွန်ဖြူ တစ်လုံး(အခွံသင်ပြီးနုတ်နုတ်စဉ်းထားပါ) မြေပဲဆီသန့် ထမင်းစားဇွန်း ၅ဇွန်း.. တို့ဖြစ်ပါတယ်..

https://s9.kh1.co/__image/w=650,h=342,q=100/e6/e6c4e74cac5d124a53239fcffe5f68a71afd0283.jpg

ချက်ပြုတ်နည်း

ဒယ်တည်ကာ ဆီထဲ့ဆီပူလာရင် ကြက်သွန်နီထဲ့ဆီသတ် အနဲငယ်နွမ်းလာရင် ကြက်သွန်ဖြူ ထဲ့ဆီသတ်ပါ.. အနံမွှေးလာရင် ခရမ်းချဉ်သီးထည့်ဆီသတ်ပါ..ခရမ်းချဉ်သီး နွမ်းကြေသွားရင် နနွင်း အရောင်တင်မှုန့်တို့ထည့်ဆီသတ်ပါ ..ပြီးရင် အရသာတွေထဲ့ ခဏမွှေပြီး မျှစ် ခဝဲသီးထည့်ကြော်ကာ နွမ်းလာရင် ဝက်သွေးခဲထည့်ပြီး အလယ်မီးလောက်နဲ့ကြော်ပါ အရည်ထွက်လာရင် အရသာမြည်းပါ.. စိတ်ကြိုက်အရသာရလျှင် ငရုတ်သီးစိမ်းထဲ့မွှေကြော်ကာ အဖုံးလေးခဏအုပ်ထားပါ...မီးပိတ်ကာထားပြီး နှစ်မိနစ်လောက်ဆို စားလို့ရပါပြီခင်ဗျ...ခုဆိုရင် ချိူစပ်မွှေး ဝက်သွေးခဲကြော်လေးရပါပြီနော်..ပရိတ်သတ်ကြီးအတွက် နုတ်မြိန်စေမယ်လို့မျှော်လင့်ပါတယ်နော်..

https://s9.kh1.co/__image/w=650,h=446,q=100/8d/8d9fb3480f017cec4416e462b3491f58400996a7.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T