အချိန်နှင့်ငွေကို မှန်ကန်စွာအသုံးချနည်းများ

//s9.kh1.co/43/43a4fbe323252e9cba957ffeba875b13e2de991d.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၆ ရက် က

အချိန်နှင့်ငွေကို မှန်ကန်စွာအသုံးချနည်းများ

လူငယ်ပိုင်းတွေအနေနှင့် အချိန်ကိုအကျိုးရှိအောင်အသုံးချဖို့အတွက် လိုအပ်ပါတယ်။ အချိန်ကို ဘဝအတွက် အဓိကကျတဲ့နေရာသုံးနေရာမှာပဲအသုံးချသင့်ပါတယ်။ ပြင်ပလိုအပ်ချက်တွေဖြစ်တဲ့ ရုပ်ရည်သွင်ပြင် အပြင်အဆင်တွေအတွက် အသုံးချခြင်းဟာလည်း မှန်ကန်တဲ့အသုံးချမှုပါ။ ကျန်းမာတဲ့ ခန္တာကိုယ်ရဖို့အတွက် အချိန်ပေးပြီး Gym ဆော့တာအပြင် တစ်ခြားအားကစားတွေလုပ်ဖို့အချိန်ပေးရပါမယ်။ ဒါ့အပြင်ကျွမ်းကျင်မှုအသစ်တွေ အရည်အချင်းအသစ်တွေရဖို့အတွက်ကိုလည်း အချိန်ပေးပြီးသင်ယူရမှာဖြစ်ပါတယ်။ ခံစားချက်နှင့်စိတ်ပိုင်းဆိုင်ရာအတွက်ကိုလည်း အလေးထားပေးပြီးတော့ စိတ်ပိုင်းဆိုင်ရာပိုပြီးသန်မာလာအောင် လေ့ကျင့်ပေးရပါမယ်။ 

https://s9.kh1.co/__image/w=563,h=789,q=100/79/79eee6ecd5259f341313475e7c266b966037f028.jpg

အလားတူပဲ ငွေကြေးကိုလည်းပဲ အသုံးဝင်တဲ့နေရာတွေမှာပဲအသုံးချသင့်ပါတယ်။ ဒီအသုံးချမှုမှာ ပြင်ပအသုံးတွေဖြစ်တဲ့ ပရဟိတကူငွေတွေထည့်ဝင်တာ ဆွေမျိုးနီးစပ်တွေကို ကူညီတာမျိုးပါလုပ်နိုင်ရပါမယ်။ ပြီးတော့ ကောင်းမွန်တဲ့အစားအစာတွေဟာလည်းပဲ ပိုက်ဆံအကုန်ခံသင့်တဲ့အရာတွေဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေးကိုမှန်ကန်တဲ့ရင်းနှီးမြုပ်နှံမှုလုပ်ထားခြင်းကလည်း ကောင်းကောင်းအသုံးချခြင်းပဲဖြစ်ပါတယ်။ လူအများစုဟာ ငွေကိုရင်းနှီးမြုပ်နှံဖို့ကြောက်ရွံ့တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/d2/d2f94e8813cf28076e2a0a63119e32eed3736f60.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T