ဘဝမှာပိုင်ဆိုင်ဖို့ခက်ခဲပြီးတန်ဖိုးကြီးလွန်းတဲ့အရာများ

//s9.kh1.co/4c/4c8e938ff36c51457e2f6b17266f4e2e4ff6da38.jpg
MPT Lifestyle

 ၂၉-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၆ ရက် က

ဘဝမှာပိုင်ဆိုင်ဖို့ခက်ခဲပြီးတန်ဖိုးကြီးလွန်းတဲ့အရာများ

ပိုင်ဆိုင်ဖို့ခက်ခဲသလို တန်ဖိုးလည်းကြီးမားလွန်းတယ်ဆိုတဲ့ အရာတွေထဲမှာ Fit ဖြစ်ပြီးတော့ ကျန်းမာတဲ့ခန္ဓာကိုယ်က ထိပ်ဆုံးကနေပါဝင်ပါတယ်။  ဒီလိုခန္ဓာကိုယ်ဟာရဖို့မလွယ်ကူသလို တန်ဖိုးလည်းကြီးမားပါတယ်။ အေးချမ်းတဲ့စိတ်အခံဟာလည်း လုပ်ယူရင်တောင်ရနိုင်တဲ့အရာမဟုတ်သလို ဒီလိုစိတ်ရဖို့အတွက် ပေးဆပ်မှုတွေအများကြီးလုပ်နိုင်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/3d/3d0b3efb567a0257b6041ad8e87dccdfa6c73258.jpg

ချစ်ဖို့ကောင်းပြီး အားပေးတတ်တဲ့မိသားစုဟာလည်း လူတိုင်းမရနိုင်တဲ့ တန်ဖိုးကြီးမားလွန်းတဲ့အရာပါ။ ဒီလိုမိသားစုကိုပိုင်ဆိုင်ဖို့ဆိုတာ ကံနှင့်လည်းသက်ဆိုင်တာကြောင့် လူတိုင်းမပိုင်ဆိုင်နိုင်တဲ့အရာဖြစ်ပါတယ်။ မိသားစုအပြင် အမြဲတမ်းဘေးနားရပ်တည်ပေးပြီး အားပေးတတ်တဲ့ ပါတနာရှိခြင်းကလည်း နောက်ထပ်ကောင်းမွန်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=563,h=789,q=100/20/2061442dffcf6f0eb4f275a34c53d5dbc56e8c31.jpg

ကိုယ်တိုင်ဝါသနာပါပြီးတော့ ပျော်ရွှင်နိုင်တဲ့ အလုပ်ရှိခြင်းကလည်း လူတိုင်းမရနိုင်တဲ့အခွင့်ထူးတစ်ခုပါ။ ဒါ့အပြင် ဘဝမှာမထင်မှတ်ထားတဲ့ ကံကောင်းမှုတွေ မိတ်ဆွေကောင်းတွေဟာလည်း ပိုင်ဆိုင်ဖို့ခက်ခဲပြီးတန်ဖိုးကြီးမားလွန်းတဲ့အရာတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/22/2218f1d3ed4b4a2b42f318a1cb4b41648f105899.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T