အမြဲပျော်နေတယ်လို့ထင်ရတဲ့လူတွေရဲ့ လျှို့ဝှက်ချက်များ

//s9.kh1.co/80/8099c890226fef9d8b2ffab1ca7450054e18cfe6.jpg
MPT Lifestyle

 ၂၉-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၆ ရက် က

အမြဲပျော်နေတယ်လို့ထင်ရတဲ့လူတွေရဲ့ လျှို့ဝှက်ချက်များ

တစ်ချို့လူတွေဟာ လုပ်ယူထားတာမဟုတ်ဘဲ တစ်ကယ်ပျော်ရွှင်နေကြပြီးတော့ နေ့တိုင်းပျော်နေတဲ့ပုံရိပ်တွေရှိကြပါတယ်။ ဒီလိုလူတွေဟာ သိပ်ပြီးမကြွားဝါတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့အကြောင်းအရာတွေကို တစ်ခြားသူတွေသိစေဖို့အတွက် တကူးတကထုတ်မပြကြဘဲ အေးအေးချမ်းချမ်းနေတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/2d/2d6448bbe7146ced3a8f86cc603ed9e1dde1a1c0.jpg

စကားပြောဆိုတာတွေမှာလည်း များများပြောတာမျိုးမရှိဘဲ လိုအပ်သလောက်ပဲပြောပါတယ်။ အပြောသက်သက်နှင့်သူတစ်ပါးကိုကူညီတာမျိုးမလုပ်ဘဲ တစ်ကယ့်လက်တွေ့ကူညီပေးတာမျိုးလုပ်ကြပါတယ်။ ဒီလိုလူတွေဟာ သူတို့ထက်နိမ့်ပါးတဲ့သူတွေ ခက်ခဲနေသူတွေရှေ့မှာ ဂုဏ်ဖော်တာမျိုး ဘယ်တော့မှလုပ်တဲ့သူတွေမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=564,h=704,q=100/2a/2ad00b50664c566b476b08256d6b5ebb3b3852b1.jpg

ပြီးတော့ အရေးမပါတဲ့အရာတွေကို ဂရုမထားဘဲနဲ့ အပြည့်အဝလျစ်လျှုရှုထားတတ်ကြပါတယ်။ သူတို့အတွက် အတင်းပြောတဲ့သူတွေကိုအာရုံစိုက်ပြီးတော့ စိတ်ခံစားချက်ကိုရှုပ်ထွေးအောင်မလုပ်ကြပါဘူး။ မကောင်းတာတွေကိုမြန်မြန်မေ့ပြီးတော့ ကောင်းတဲ့အကြောင်းအရာတွေကိုပဲ အာရုံစိုက်ပြီး ကောင်းမွန်တဲ့စွမ်းအင်တွေကိုပဲ အာရုံပြုကြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/1b/1b7a75d937f484b188d3ff3179f718c4fa3335b5.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T