လူတွေအနေနှင့်အသက်ရှင်ရတာကို အချိန်တွေအများကြီးရနေတယ်လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အချိန်ဟာထင်ထားသလောက်ကြာရှည်တာမဟုတ်တဲ့အတွက် အချိန်ကိုအကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ပြီးအသုံးချတတ်ဖို့လိုအပ်ပါတယ်။ သူငယ်ချင်းအသစ်တွေ လူအသစ်တွေနှင့်တွေ့ဆုံတာမျိုးကလည်း လုပ်သင့်တဲ့အရာပါ။ ကိုယ်ပိုင်ဝါသနာအသစ်တွေကိုရှာဖွေပြီး အသစ်အဆန်းတွေကိုစမ်းသပ်လုပ်ကြည့်ခြင်းကလည်း ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။
စိတ်ရှည်ပြီးတော့ ကောင်းမွန်တဲ့အရာတွေကိုစောင့်ဆိုင်းတတ်ခြင်းကလည်း ဘဝအတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို သိမ်းဆည်းမထားဘဲနဲ့ ကိုယ့်စိတ်ကိုအပန်းပြေစေအောင်လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် Comfront Zone ထဲမှာပိတ်မိမနေဘဲ အပြင်ထွက်နိုင်ဖို့လည်းလိုအပ်ပါတယ်။
ဘဝအတွက်လိုအပ်တဲ့ Skill တွေကိုသင်ယူရင်းနှင့် ဘဝအတွက် လမ်းကြောင်းကိုရှာဖွေနိုင်ဖို့ကြိုးစားရပါမယ်။ တိုးတက်မှုရှိလာဖို့ကို လက်မလျှော့ဘဲနဲ့ နည်းနည်းချင်းစီအမြဲကြိုးစားသွားဖို့လိုအပ်ပါတယ်။