ဒေါ်လာ ၈၀၀၀ထိပေးရတဲ့ အသေးဆုံးမြင်းမျိုးစိတ် Miniature horse

//s9.kh1.co/8a/8a1480711c11d7497437205005c266064c301b50.jpg
MPT

 ၁၃-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၇ ရက် က

ဒေါ်လာ ၈၀၀၀ထိပေးရတဲ့ အသေးဆုံးမြင်းမျိုးစိတ် Miniature horse

ဦးခေါင်းထိ အရှည် ၁၀၀ စင်တီမီတာ ( လက်မ ၄၀ ) သာရှိတဲ့ miniature horse မြင်းငယ်များသည် မြင်းကြီးမျိုးစိတ် နဲ့ မြင်းပုမျိုးစိတ်တို့ ‌ရဲ့ မျိုးရိုးဗီဇတွေကို နှစ်ပေါင်းများစွာ ပေါင်းပြီး တီထွင်ခဲ့တဲ့ မြင်းငယ်မျိုးစိတ်တစ်မျိုး ပဲဖြစ်ပါတယ်။ Miniature horse များကို အာဂျင်တီးနား ၊ ဩစတေးလျ ၊ ပြင်သစ် ၊ ဂျာမနီ ၊ ဟော်လန် ၊ အိုင်ယာလန် ၊ နမီးဘီးယား ၊ ဖီလစ်ပိုင် ၊ ယူနိုက်တက်ကင်းဒမ်း နဲ့ အမေရိကန်တို့ အပါအဝင် နိုင်ငံအများအပြားမှာ တွေ့ရပါတယ်။

အချို့သောနိုင်ငံတွေမှာ အိမ်မွေးတိရစ္ဆာန်များအဖြစ်လည်းကောင်း ၊ ကလေးငယ်များအတွက် ပြိုင်မြင်းများအဖြစ် လည်းကောင်း ၊ လမ်းပြမြင်းငယ်များအဖြစ်လည်းကောင်း အသုံးပြုကြပြီး လူယဉ်တဲ့ မြင်းမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ Miniature horse များသည် ယေဘုယျအားဖြင့် မြင်းကြီးများထက်တောင် ပိုမာကျောကြပြီး သူတို့ရဲ့ ဘဝသက်တမ်းမှာ ၂၅ နှစ် မှ ၃၅ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ ဒီမြင်းလေးတွေဟာအသေးဆုံးမြင်းမျိုးစိတ်ထဲက တစ်မျိုး အပါအဝင်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/1a/1a103c91875bada1208e1bba5fe7c661a2e54310.jpg

အလေးချိန် ပေါင် ၁၅၀ မှ ၂၀၀ ဝန်းကျင်ရှိတဲ့ ဒီမြင်းငယ်တွေကို အကောင်အနေအထားအလိုက် ဒေါ်လာ ၁၉၀၀ မှ ၈၀၀၀ ကြားပေးရပါတယ်တဲ့။ နူးညံ့သိမ်မွေ့ပြီး ဉာဏ်ထက်တဲ့အပြင် ကြင်နာတတ်တာကြောင့် လူသားတွေနဲ့ ယှဉ်တွဲနေထိုင်လို့ ရကြပါတယ်။ တန်ဖိုးကြီးပြီး အချစ်ခံလေးများအဖြစ် စနစ်တကျမွေးမြူကြတဲ့ Miniature horse မြင်းငယ်တို့ဟာ မျိုးသုန်းပျောက်ကွယ်မဲ့ အခြေအနေတော့ မရှိသေးပါဘူး။

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa8a3ef34d4b1beeefe595b8ebea0f89737bb200.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T