ဆက်ဆံရေးတစ်ခုမှာ တစ်ဖက်လူကိုလုံးဝမမေးသင့်တဲ့မေးခွန်းများ

//s9.kh1.co/19/19802f93276f3df1df3bef2ada23cac5d3573171.jpg
MPT Lifestyle

 ၂၃-မတ်-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်လ က

ဆက်ဆံရေးတစ်ခုမှာ တစ်ဖက်လူကိုလုံးဝမမေးသင့်တဲ့မေးခွန်းများ

ဆက်ဆံရေးတစ်ခုမှာ တစ်ဖက်လူကိုမမေးသင့်တဲ့မေးခွန်းတွေအများကြီးရှိပါတယ်။ ဒီလိုမေးခွန်းတွေဟာ တစ်ဖက်ပါတနာကိုချောင်ပိတ်ဖမ်းသလိုဖြစ်စေနိုင်တဲ့အပြင် စိတ်ဒဏ်ရာရသွားတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာကို ထိပါးတဲ့မေးခွန်းတွေ အထူးသဖြင့် တစ်ဖက်လူမသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာကိုအတင်းမေးခြင်းက မဖြစ်သင့်တဲ့အကြောင်းအရာပါ။ ဒီလိုမေးခွန်းတွေဟာ  တစ်ဖက်လူကိုစိတ်ဒဏ်ရာရသွားအောင်ပါ ဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/5a/5a197e563cce1d8d9b8958c00df74915aa3d1e6a.jpg

ကတိကဝတ်ကိုအတင်းတောင်းခံပြီးအာမခံခိုင်းတာမျိုးကလည်း ဆက်ဆံရေးတွေကြားမှာမမေးသင့်တဲ့မပြောသင့်တဲ့အရာတွေပါ။ ဒီလိုကတိတွေဆိုတာ ကာယကံရှင်ကိုယ်တိုင်က လိုလိုလားလားပေးမှသာယူထားသင့်တဲ့ အရာဖြစ်တာကြောင့် အတင်းတောင်းဆိုမေးခွန်းထုတ်နေတာဟာ တစ်ဖက်လူကိုအခက်တွေ့စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=701,q=100/38/38d9bce3795ea28e0021539cf41299a1774abc93.jpg

သံသယဝင်နေတာကိုမေးခွန်းတွေနှင့်မေးပြီး တစ်ဖက်လူချောင်ပိတ်မိအောင်လုပ်တာကလည်း ဆက်ဆံရေးကိုပိုဆိုးဝါးစေနိုင်တဲ့အရာဖြစ်ပါတယ်။ များသောအားဖြင့် လူအများစုဟာ သဝန်တိုတယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ တစ်ဖက်လူကိုလွန်ကဲတဲ့မေးခွန်းတွေ မေးပြီး အဆင်မပြေအောင် လုပ်ကြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/d5/d58f778b62dadcd7755f7648068406a71ecc1a76.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T