ထိုင်းနိုင်ငံ ဘန်ဘောမြို့နယ်မှာ ဖိနပ်စက်ရုံတစ်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

//s9.kh1.co/52/52ec33811d925d870adb05b4e57e56f3ec2046cd.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၈ လ က

ထိုင်းနိုင်ငံ ဘန်ဘောမြို့နယ်မှာ ဖိနပ်စက်ရုံတစ်ရုံ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ဘောမြို့နယ်ရှိ Lertmongkol ဆိုတဲ့ ဖိနပ်စက်ရုံမှာ ယမန်နေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/4b/4be484503d4d1db1669f4b8c231c808aeed9d3c4.jpg

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်မှာ အဆိုပါ ဖိနပ်စက်ရုံမှာ ပေါက်ကွဲသံ ၂ ကြိမ်၊ ၃ ကြိမ်ထက်မနည်း ကြားရပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ စက်ဝန်ထမ်းတွေမရှိသေးတဲ့အချိန်ဖြစ်ပြီး မီးသတ်သမားတွေက ၁ နာရီကျော်ကြာအောင် မီးငြှိမ်းသတ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/32/32ebb46c1b3377a0bc9365c433aff85fef4ab638.jpg
https://s9.kh1.co/__image/w=650,h=488,q=100/93/93e71b9cb8d25ddaf6997ef56afd233e06d9cdaf.jpg

လက်ရှိမှာတော့ မီးလောင်ပေါက်ကွဲမှု ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိရသေးပေမယ့် မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

သတင်း အရင်းအမြစ်Source - khaosodenglish

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T