၃ ဒေါ်လာတန်တဲ့ တရုတ်နိုင်ငံက ကျောက်စရစ်ခဲဟင်းလျာ

//s9.kh1.co/40/405d69b13134d4c452d02634a6c8c6d5636c2dce.jpg
အစားအသောက်ရေးရာ

 ၀၉-ဇွန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

မြစ်တွေနဲ့ ချောင်းတွေမှာသာ တွေ့ရတဲ့ ကျောက်စရစ်ခဲတွေကို ယူပြီး ချက်ထားတဲ့ အတွက်ကြောင့်......

ဒီ ကျောက်စရစ်ခဲဟင်းလျာကို တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ အန်ရှုးဒေသရဲ့ ချန်ရှ ညစျေးမှာ တွေ့နိုင်ပါတယ်။ ဒီ ဟင်းလျာကို ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်တွေ၊ အခြား ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကျောက်စရစ်ခဲတွေကို ရောပြီး ချက်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

ဒီ ဟင်းလျာရဲ့စားပုံစားနည်းကတော့ ကျောက်စရစ်ခဲပေါ်မှာ ကပ်နေတဲ့ ဟင်းအနှစ်တွေကို စားရတာဖြစ်ပြီး ကျောက်စရစ်ခဲတွေကိုတော့ ထွေးထုတ်ရတာပဲ ဖြစ်ပါတယ်။မြစ်တွေနဲ့ ချောင်းတွေမှာသာ တွေ့ရတဲ့ ကျောက်စရစ်ခဲတွေကို ယူပြီး ချက်ထားတဲ့ အတွက်ကြောင့်လည်း ကျောက်ခဲတွေရဲ့ အရသာက ငါးအရသာ ရှိတယ်လို့ စားဖူးသူတွေက ဆိုကြပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

ဒီဟင်းလျာက Tiktok အသုံးပြုသူတစ်ယောက်ကြာင့် Social Media ပေါ် ခေတ်စားလာတာဖြစ်ပြီး လူတွေကလည်း ကျောက်ခဲနဲ့ ချက်ထားတာဖြစ်လို့ မစားသင့်ဘူးလို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Naw
Naw

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T