Netizen တွေဟာဆိုရင် 'The Glory- Part 2' ထဲမှာ အကောင်းဆုံး သရုပ်ဆောင်ချက်တွေ ပြုလုပ်ခဲ့ကြသူတွေကို မဲပေးပြီး ရွေးချယ်ခဲ့ကြပါတယ်။ မကြာသေးမီတုန်းက SURVEY ON THE GLORY'S BEST ACTORS ရဲ့ စစ်တမ်းကောက်ယူမှု အရ 'The Glory- Part 2' ထဲမှာ အကောင်းဆုံး သရုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့သူတွေကို သိရှိခဲ့ရပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားဆိုသလို ဗီလိန်ဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့တဲ့ Lim Ji Yeon က ၆၁ ရာခိုင်နှုန်းနဲ့ အကောင်းဆုံး သရုပ်ဆောင် အဖြစ် ထိပ်တန်းမှာ ရပ်တည်နေပါတယ်။ အမျိုးသား အဓိကဇာတ်ကောင်နေရာမှာတော့ မင်းသား Park Sung Hoon က စုစုပေါင်း မဲအရေအတွက် အားလုံးထက် ၆၂ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ထိပ်တန်းမှာ ရပ်တည်နေပါတယ်။
ဒါ ကြောင့် ဗီလိန်ဇာတ်ကောင်နေရာက သရုပ်ဆောင်တွေက ထူးထူးခြားခြားဆိုသလို အကောင်းဆုံး သရုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်တယ်လို့ ဆိုရမှာပါနော်။ ပရိသတ်တွေ မဲပေးရွေးချယ်ထားတဲ့ အကောင်းဆုံး သရုပ်ဆောင်ချက် ပြုလုပ်နိုင်တဲ့သူတွေကို ရာခိုင်နှုန်း အလိုက်ဖော်ပြပေးသွားပါမယ်နော်။
- မွန်ဒုံအွန်း (Song Hye Kyo) : 14 %
- ပတ်ယွန်ဂျင်း (Lim Ji Yeon) : 61%
- ချွဲဟေးဂျန် (Cha Joo Young) : 10%
- လီဆာရာ (Kim Hieora) : 14%
အကောင်းဆုံး အမျိုးသား ဇာတ်ကောင်စာရင်းကိုလည်း အောက်မှာ ဖော်ပြပေးသွားပါမယ်နော်။
- ဆန်းမြောင်အွန်း (Kim Gun Woo) : 8 %
- ဂျန်ဂျေးဂျွန် (Park Sung Hoon) : 62%
- ဟာဒိုယောင်း (Jung Sung Il) : 26%
- ဂျိုးယိုဂျန်း (Lee Do Hyun) : 4%
The Glory က မင်းသမီး Song Hye Kyo ကြောင့် နာမည်ကြီးလာခဲ့တာဆိုပေမယ့် 'The Glory- Part 2' ထဲမှာတော့ ပရိသတ်တွေက အဓိက သရုပ်ဆောင်တွေထက် ဗီလိန်တွေကို ပိုပြီး သဘောကျနေခဲ့ကြပါတယ်။